ဆက်လက်ဖမ်းဆီးခြင်းမပြုတော့ဟု ဂတိအား နအဖမှ ချိုးဖောက်ခဲ့
နိုဝင်လအတွင်း အနည်းဆုံး ၂၄ ဦး ဖမ်းဆီးခံရ
သတင်းထုတ်ပြန်ချက်
ဒီဇင်ဘာလ ၁ ရက်။ ၂၀၀၇ ခုနှစ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ၏ ယခုနှစ် နိုဝင်ဘာလ ပထမပတ် ခရီးစဉ်အတွင်း ဆက်လက်ဖမ်းဆီးခြင်း မပြုတော့ပါဟု နအဖ စစ်အုပ်စုမှ ကတိပြုထားခဲ့သော်လည်း သြဂုတ်၊ စက်တင်ဘာ လူထုလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သူများကို ဆက်လက်ဖမ်းဆီးနေခဲ့ရာ ၂၀၀၇ နိုဝင်ဘာလအတွင်း အနည်းဆုံး ၂၄ ဦး ဖမ်းဆီးခံရကြောင်း မိမိတို့ အေအေပီပီမှ သတင်းရရှိပါသည်။
ထို့အပြင် ထပ်မံဖမ်းဆီးရန် အပူအပြင်း ရှာဖွေနေဆဲဖြစ်သည်၊ အချို့သူများ၏ အိမ်များ၊ ဘုန်းကြီးကျောင်းများကိုလည်း ညအချိန်တွင် ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ ဘ၀လုံခြုံမှုများကို နေ့စဉ်နဲ့အမျှ
ခြိမ်းခြောက်ခြင်း ခံနေရပေသည်။
ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ဘုန်းကြီးကျောင်းကိုလည်း ယခင်အပတ်က
ချိတ်ပိတ်လိုက်သဖြင့် သံဃာတော်များ နှင့် ဘုန်းကြီးကျောင်းတွင် ဝေယျာဝစဏ
ကူညီလုပ်ကိုင်ပေးနေသူတို့မှာ နေစရာအခက်အခဲ ကြုံတွေ့နေကြောင်း သိရှိရသည်။
၂၀၀၇ ခုနှစ် သြဂုတ်လမှ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အနည်းဆုံး ၇၀၆ ဦး
ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်ပြီး ၂၀ ကျော်အား ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ဖြစ်သည်။
ထိုသို့ သော အခြေအနေများကြောင့် ဥပဒေမဲ့ မတရားဖမ်းဆီးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရန်နှင့် ထပ်မံဖမ်းဆီးမှုများ မပြုနိုင်ရန်အတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများမှ ထိရောက်စွာ အရေးယူပေးရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း မိမိတို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က အလေးအနက် တိုက်တွန်းလိုက်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်- ကိုတိတ်နိုင် (၆၆) ၀၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် - (၆၆) ၀၈၁ ၃၂၄ ၈၉၃၅
နောက်ဆက်တွဲ -
နိုဝင်ဘာလအတွင်း ဖမ်းဆီးခံရသူများစာရင်း
Arrest list in November 2007
No. Name Arrest Place Organization Place Address Date of Arrest
1 Aung Kyaw Moe NLD Htantabin, Rangoon 02,Nov,07
2 Thein Zaw His friend home NLD(Magwe organizer) No.2 police station Myothit,
Magwe 02,Nov,07
3 Zaw Zaw In front of Thirimingalar bazaar former NLD member Twante, Rangoon
04,Nov,07
4 Min Lwin Monk's father Insein Prison N/A 04,Nov,07
5 U Gambira @ Sandor Bartha Sangaing, Mandalay Monk(Monks's Leader) Insein
Prison Mingaladon, Rangoon 04,Nov,07
6
7 U Khay Mar Van Tha Monk Insein Prison S/Dagon, Rangoon 05,Nov,07
8 U Kaythara Monk Insein Prison Sapalgon Monastery, Mdy Nov,07
9 Su Su Nway(F) NLD Insein Prison Kawhmu, Rangoon 13,Nov,07
10 Khin Soe Sanchaung Taxi stand Taxi Driver 13,Nov,07
11 U Sanda Wara Aung Dhamma Pala Monastery Monk Nowhere Eastern New Dagon, Rgn
16,Nov,07
12 Thant Zin Oo NLD Hlaing Tharyar, Rgn 16,Nov,07
13 Peter Insein Prison Hlaing, Rangoon 19,Nov,07
14 Nu Nu Swe(F) Insein Prison Hlaing, Rangoon 19,Nov,07
15 Myint Naing (Dr.) NLD(MP) Kantbalu, Sagaing 20,Nov,07
16 Aung Zaw Oo Kyauktada Tsp, Rgn HRDP Bogale, Irrawaddy 26,Nov,07
17 Myat San At Tea shop Tri Color Student Pabedan,Rangoon 27,Nov,07
18 Win Maw At Tea shop Musician Rangoon 27,Nov,07
19 Aung Aung At Tea shop Former Political Prisoner Pabedan,Rangoon 27,Nov,07
20 U Thilar Nanda Manaung Monastery Monk Nowhere Chauk, Magwe 27,Nov,07
21 Tin San Former Political Prisoner Tamwe, Rangoon 29,Nov,07
22 Aung Myint NLD Bogale, Irrawaddy 29,Nov,07
23 Tun Tun Sanchaung, Rangoon 28,Nov,07
24 Aung Thwin@ Aung Kyi Journalist S/Okkalapa, Rangoon 30,Nov,07